Autodesk 3Ds Max သင်တန်း
3D Studio Max Software ကို Computer အသုံးပြုတတ်သော မည်သူမဆို သင်ကြားနိုင်ပါသည်။ 3D Studio Max software သည် 3D နှင့် ပတ်သက် သည့် အရာအားလုံးကို ပြုလုပ်နိုင်သော စွယ်စုံသုံး Software ကြီးတစ် ခုဖြစ် ပါသည်။3D Cartoon Animation များ ပြုလုပ်ခြင်း၊ ရုပ်ရှင် ၊ ဗီဒီယို effect များ ပြုလုပ်ခြင်း၊ TV ကြော်ငြာ များ ၊ Motion Graphic Title များအတွက် 3D animation ပြုလုပ် ခြင်း။ Game company များအတွက် Game Character နှင့် Animation များ ပြုလုပ်ခြင်း။ Architecture 3D Visualization များတွင် အသုံးပြု ခြင်း၊ Science Project များတွင် Simulation များပြုလုပ်ခြင်း စသည်ဖြင့် အမျိုးမျိုး အသုံးပြု ကြပါသည်။ |
ထို့အပြင် အခြား 3D software အားလုံးနှင့် အဆင်တပြေ ချိတ်ဆက် နိုင်သဖြင့် တခြား Popular 3D software အားလုံးနှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ (ဥပမာ -- 3DS Max ဖြင့်ဆွဲထားသော 3D Character model ကို Maya သို့ပြောင်းလိုပါက အလွယ်တကူ send to Maya Menu ဖြင့် ပြန် save ပေးနိုင်သည်။)
|
3D Studio Max နှင့် ပတ်သက်သော အလုပ်အကိုင် အခွင့်အလမ်းများစွာ ရှိသဖြင့် 3D Studio Max ကိုတက်မြောက်ထားပါက 3D နှင့်ပတ်သက်သော ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်များကို ပိုမိုရရှိနိုင်မည် ဖြစ်ပါတယ်။
|