Regular Classes and Time Table
သင်တန်းများကို တစ်ပတ်တွင် ၂ ချိန် ၊ တစ် ချိန်- ၂ နာရီ ဖြင့် ပြသပါသည်။ သင်တန်းကာလ - ( ၃ )လ ကြာမြင့်ပါသည်။
သင်တန်း အချိန် နှင့် မိမိ တက်လိုသော အချိန် မကိုက်ညီ ပါက ဖုန်းဆက်ကာ ညှိနှိုင်းနိုင်ပါသည်။
3D သင်တန်းများ အားလုံး အတွက် ပြန်လည်လေ့ကျင့်ရန် အတွက် သင်တန်းသားများတွင် ကိုယ်ပိုင် computer ရှိရန် လိုပါသည်။
Minimum Requirement
CPU: i3 , i5 or i7
memory - 4 GB
Graphic Card- onboard or Nividia
Operation System - window 7,8,10 ( 64 bit version )

1. Architectural Rendering Course
သင်တန်းကြေး - ၃၀၀၀၀၀ ကျပ်
သင်တန်းကာလ- ၃ လ ( ၁ ပတ် ၂ ရက်)
သင်ကြားပေးသော Softwares - Autodesk 3Ds Max, Photoshop ( essential)
Computer ကိုကျွမ်းကျင် စွာအသုံးပြုတတ်သူ မည်သူမဆိုသင် ယူနိုင်သည်။ AutoCad မတတ်သူများပါ သင်ကြားနိုင်ပါသည်။
ယခုသင်တန်းတွင် အဆာက် အဦ များကို ကိုယ်တိုင် စကေးကိုက် ဆွဲတတ် စေရန်သင်ကြားပေးသည်။ AutoCAD model များကို စနစ်တကျ import ပြုလုပ်နည်း ၊ Material and Material library ပြုလုပ် အသုံးပြုနည်း၊ V-ray material, lighting သဘောတရား။ V-ray light, V-ray Render setup, save and load render setup for more productive capability, Environment creation, Copy card trees by brush to get forest စသည်တို့ကို သင်ကြား ရမည်ဖြစ်သည်။
Max ဖြင့် Render ပြုလုပ်ပြီးသော ပုံများကို Print quality ပိုမိုကောင်းမွန်စေရန် Photoshop ဖြင့်ပြုပြင်နည်း ကိုလည်းသင်ကြားပေးမည် ဖြစ်သည်။

2. Character Modeling and Animation Course
သင်တန်းကြေး - ၃၀၀၀၀၀ ကျပ်
သင်တန်းကာလ- ၃ လ ( ၁ ပတ် ၂ ရက်)
သင်ကြားပေးသော Softwares - Autodesk 3Ds Max
Computer ကိုကျွမ်းကျင် စွာအသုံးပြုတတ်သူ မည်သူမဆိုသင် ယူနိုင်သည်။ စက္ကူဖြင့် ပုံဆွဲတတ်ရန် မလိုပါ။ ကာတွန်: Character တစ်ကောင်ကို အစ အဆုံး 3D modeling ပြုလုပ်သည်မှစကာ rigging ပြုလုပ်ပြီး Animation ပြုလုပ်ရန် အသင့်ဖြစ်သည် အထိ အဆင့်ဆင့် setup ပြုလုပ်ပုံကို သင်ကြားရမည်။
Character တစ်ကောင်ပြုလုပ်ပြီးစီးရန် ရှုပ်ထွေးသော အဆင့်ပေါင်း များစွာတွင် အမှားအယွင်း မဖြစ်အောင်ဆရာ ကိုယ်တိုင် ကြီးကြပ်ကာ ပုံသေနည်းများ ဖြင့်သင် ကြားပေးမည် ဖြစ်သည်။
3D environment ပြုလုပ်နည်းများ။ ကာတွန်း ဇာတ်ကောင်ကို ထည့်ကာ Render ပြုလုပ်နည်းများ စသည်တို့ကို ပြည့်စုံစွာ သင်ကြားကြရမည်ဖြစ် သည်။

3. Zbrush (Advanced Modeling) Course
သင်တန်းကြေး - ၃၀၀၀၀၀ ကျပ်
သင်တန်းကာလ - ၃ လ ( ၁ ပတ် ၂ ရက်)
သင်ကြားပေးသော Software - Zbrush
ရုပ်ရှင်၊ ဗီဒီယို၊ Game များပြုလုပ်ရာတွင် အဆင့်မှီ 3D models များပြုလုပ်ရာတွင် Zbrush software ကို အသုံးပြုကြပါသည်။ Zbrush software သည် 3D modeling only software ဖြစ်ပါသည်။ Animation ပြုလုပ်၍ မရပါ။ Zbrush ဖြင့် modeling, texturing ပြုလုပ်ပြီး 3DS Max, Maya, C4D, Light wave စသော 3D software များထဲသို့ ထည့်ပြီး Animation and Rendering ပြုလုပ်ရပါသည်။
Zbrush Model များကို 3D printer စက်ဖြင့်လည်း တိုက်ရိုက် 3d model ထူတ်ယူနိုင်ပါသည်။ ထိုကဲ့သို့ပြုလုပ် ရာတွင် တခြား 3D softwares များ မလို အပ်ပါ။
ယခု နောက်ပိုင်းတွင် Zbrush ကို Graphic Design ဆရာများလည်း အသုံးပြုလာ ပြီဖြစ်သည်။ အပြင်တွင် မရှိသော model များကို Zbrush ဖြင့်ဖန်တီးကာ
Design များတွင် အသုံးပြုကြပါသည်။
Zbrush သင်တန်းကို 3D software များ မတတ် သေးသော်လည်း တက်ရောက်နိုင်ပါသည်။

Requirement:
Zbrush သင်တန်းတက်ရန် Pen and Tablet လိုအပ်ပါသည်။