Blender General Course Module 3

Module 2 နဲ့ 3 သင်ပြီးရင် ဒါမျိုးလုပ်တတ်ပြီ။





Level : intermediate level
Duration: over 35 hours of video lessons
Lessons: Rigging and animation

Module 3 မှာပါတဲ့ Video သင်ခန်းစာနမူနာများကို အောက်မှာကြည့်လို့ရပါတယ်။

Blender General Coruse Moudule 3 တွင်ပါ၀င်သောသင်ခန်းစာများ

ယခုသင်ခန်းစာများမှာ Blender မှာ Character Animation ပြုလုပ်ရန် လိုအပ်သော နည်းစနစ်များနဲ့ tools များကို ပြည့်စုံအောင် သင်ပေးထားပါတယ်။ ဒီ သင်ခန်းစာများကို လိုက်လုပ်ရန် အတွက် Blender Basic modeling နည်းစနစ်များကို တတ် ထားရန် လိုပါသည်။



Section 1 (Custom Rig)

ဒီသင်ခန်းစာများဟာ Blender ရဲ့ Bone system ကိုအသေအချာနားလည်အောင် သင်ပေးထား‌သော သင်ခန်းစာများဖြစ်ပါတယ်။ Armature တခုမှ အစပြုပြီး ‌‌ခြေနှစ်ချောင်း ဇာတ် ကောင် တခုအတွက် လိုအပ်သော Bone system တခုကို အစအဆုံး ပြုလုပ်ပြထားပြီး၊ Control rig များထည့် သွင်းနည်းများကိုလည်း ပြပေးထားပါတယ်။

Section 2 (Weight Paint)

ဒီ သင်ခန်းစာများမှာ Bone system ( Armature ) နဲ့ 3d model ကိုချိတ်ဆက်တဲ့ weight paint လုပ်တဲ့ နည်းစနစ်များနဲ့ error correction နည်းစနစ်များအကြောင်းကို ရှင်းပြထားပါတယ်။


Section 3 (Shape key and drivers)

ဒီ သင်ခန်းစာများမှာ မျက်နှာ အမူအရာ Animation ပြုလုပ်ရာမှာ သုံးသော Shape Keys also known as Morph targets များပြုလုပ်နည်းများကို သင်ပေးထားပါတယ်။ ဒါ့ အပြင် shape key များအချင်းချင်း auto ဆက်နည်း ( Drivers ) များအသုံးပြုနည်းများကို သင်ပေးထားပါတယ်။ ဒါ့ အပြင် Armature and weight paint နည်းဖြင့် ချိန် လို့မရနိုင် တဲ့ error များကိုလဲ shape key and driver ဖြင့် ပြင်လို့ ရတဲ့ နည်းတွေကိုလည်း‌သင်ပေးထားပါတယ်။ Animation ပြုလုပ်ရင် လွယ်အောင် နဲ့ မြန်အောင် အတွက် အသုံးတည့်တဲ့ Asset Browser အသုံးပြုနည်း ကိုလည့် စနစ် တကျသင်ပေးထားပါတယ်။


Section 4 (Animation and Non-linear Animation Editor)

ဒီသင်ခန်းစာများမှာ Custom rig ကို အသုံးပြုပြီး Animation ပြုလုပ်ပုံ အဆင့်ဆင့်၊ ပြုလုပ် ပြီး Animation များကို NLA editor ကိုအသုံးပြုပြီး edit ပြုလုပ် ပုံ၊ Graph editor ကို အသုံးပြုပြီး Animation များကို smooth ဖြစ်အောင် ပြင်နည်း စသည်တို့ကို သင်ပေးထားပါတယ်။


Section 5 (Rigify)

ဒီ သင်ခန်းစာများမှာ Blender ရဲ့ Rigify add-on ကို အသုံးပြုပြီး Character တခုကို rigging လုပ်နည်း ကို သင်ပေးထားပါတယ်။ အရင် Section တွေမှာသင်ခဲ့ ပြီးသား နည်းစနစ် များဖြစ် ပေမယ့် Rigify က အများကြီး ပို ရှုပ် ထွေးပါတယ်။ Face rig လည်းပါပြီး Face rig အတွက် weight paint ပြုလုပ်နည်းများကို လည်း အစအဆုံး သင်ပေးထားပါတယ်။


Section 6 (Animate with Rigify)

Rigify ကို အသုံးပြုပြီး animation ပြုလုပ်နည်း။ အသံအတိုင်း စကားပြော ပြုလုပ်နည်း။ Hair simulation စသည် တို့ကို သင်ပေးထားပါတယ်။


Section 7 (Rigify, NLA, Cloth simulation)

ဒီ သင်ခန်းစာများမှာ Rigify နဲ့ animation ပြုလုပ်ပြီး NLA ဖြင့်ဆက်ပုံ၊ Cloth simulation ပြုလုပ်ပုံများကို သင်ပေးထားပါတယ်။


Section 8 (IK/FK animation, Import Mixamo animation)

ဒီ သင်ခန်းစာများမှာ rigify ရဲ့ IK/FK ကို အသုံးပြုပြီး animation ပြုလုပ်ပုံများ။ character rig နဲ့ 3D object များ အပြန်အလှန် Link လုပ်ပြီး animation ပြုလုပ် နည်းများကို သင်ပေးထားပါတယ်။
ဒါ့ အပြင် add-on ကို အသုံးပြုပြီး Mixamo က animaiton များကို ကိုယ့် ဇာတ်ကောင်ထဲမှာ ထည့်သုံးနည်းများကို သင်ပေးထားပါတယ်။

Go Back >>