Blender Sculpting Course

Blender Sculpting Course

    Blender ဖြင့် 3D sculpting ပြုလုပ်နည်းများကို အပြည့်အစုံ သင်ကြားပေးထားသော Video lessons များဖြစ်ပါတယ်။ Sculpting နည်းစနစ် ဟာ မိမိ စိတ်ကူးထဲမှ ပုံစံများကို အလွယ်တကူ ဖန်တီးယူနိုင်သော နည်းစနစ် ဖြစ်သဖြင့် ယနေ့ ခောတ် modeling ပြုလုပ်ရာတွင် မပါမဖြစ် နည်းစနစ် တခုဖြစ်ပါတယ်။
    Sculpting လုပ်နိုင်သော Software 4 မျိုးခန့် ရှိသော်လည်း Blender မှာ Free ရသဖြင့် copyright license အတွက် စိတ်ပူစရာ လုံး၀မလိုပါ။ ယခု lessons များတွ Blender ဖြင့် high poly detailed character တခု အစအဆုံးပြုလုပ် ပုံကို သင်ကြားပေးထားပါတယ်။

    Blender ဖြင့် 3D sculpting ပြုလုပ်နည်းများကို အပြည့်အစုံ သင်ကြားပေးထားသော Video lessons များဖြစ်ပါတယ်။ Sculpting နည်းစနစ် ဟာ မိမိ စိတ်ကူးထဲမှ ပုံစံများကို အလွယ်တကူ ဖန်တီးယူနိုင်သော နည်းစနစ် ဖြစ်သဖြင့် ယနေ့ ခောတ် modeling ပြုလုပ်ရာတွင် မပါမဖြစ် နည်းစနစ် တခုဖြစ်ပါတယ်။
    Sculpting လုပ်နိုင်သော Software 4 မျိုးခန့် ရှိသော်လည်း Blender မှာ Free ရသဖြင့် copyright license အတွက် စိတ်ပူစရာ လုံး၀မလိုပါ။ ယခု lessons များတွ Blender ဖြင့် high poly detailed character တခု အစအဆုံးပြုလုပ် ပုံကို သင်ကြားပေးထားပါတယ်။

Blender Sculpting Course Ssample video

Blender Sculpting Course

Level : intermediate to advanced
Duration : over 82 hours of video lessons
Lessons: Sculpting in Blender
Minimum system requirement: Cpu- i7, Memory - 16 GB, Graphic Card 4 GB , Graphic Tablet

Blender Sculpting Course တွင်ပါ၀င်သောသင်ခန်းစာများ

ယခုသင်ခန်းစာများတွင် Sculpting နည်းစနစ်ကို အသုံးပြုပြီး 3D character model များကို အသေးစိတ် detail ဖန်တီးနိုင်ရင် သင်ကြားပေးထားပါတယ်။ ဒီ သင်ခန်းစာများကို လိုက်လုပ်ရန် အတွက် Blender Basic modeling နည်းစနစ်များကို တတ် ထားရန် လိုပါသည်။



Section 1 (Sculpting techniques and brushes)

Blender interface မှ စကာ Sculpting လုပ်သည်အထိ နည်းစနစ် များနဲ့ သိသင့်တာ များကို သင်ပေးထားတာပါ။ 3D brsuh များ/ Setting ပြင်ပုံ / Mask/ Facets/ Model joining/ Cuting စတာတွေကို Basic နားလည်အောင် ရှင်းပြထားတဲ့ Video lessons များဖြစ်ပါတယ်။



Section 2 (Sculpt for 3D print)

3D print အတွက် မြေခွေးခေါင်း တခုကို ဆွဲပြထားပါတယ်။ 3D print လုပ်ရန် ပြင်ဆင်ပုံ Export ပြုလုပ်ပုံ / တခြား software များမှာ model များ ထည့်သွင်း ကာ Sculpt လုပ်နိုင်ပုံ စတာတွေကို သင်ကြားပေးထားပါတယ်။


Section 3 (Sculpt Base Shape)

Dragon model ကို sphere တခုမှ နေပြီး တကိုယ်လုံး ပုံကြမ်း ပေါ် သည်ထိ လက်‌တွေ့ ဆွဲနည်း သင်ပေးထားပါတယ်။ Character Design ကို ပုံတူ ကူးမချပဲ၊ Reference ပုံများ real animal ပုံများကို သုံးပြီး ကိုယ်ပိုင် ဒီဇိုင်းဖန်တီး ပြီး လိုအပ်သလို ပြင်ပြီး ဆွဲနည်းများကို Sculpting နည်းစနစ်များ နဲ့ အတူ သင်ကြားပေးထားပါတယ်။


Section 4 (Retopo)

Dragon model base shape ကို Detail များထပ်ထည့် ရန်အတွက် Low poly model ဆောက်ရပါတယ်။ Animation ပြုလုပ်မယ့် model မှာ Auto low poly ( auto remesh ) လုပ်လို့ အဆင် မပြေပါ။ Manual topo ပြန်ဆောက်ရပါတယ်။ Retopoflow ကိုအသုံးပြု ပြီး Dragon model တခုလုံးကို topo ပြန်ဆောက်ပြထားပါတယ်။ ဒီ lesson တွေမှာ Animation အတွက် poly flow မှန်အောင် တည်ဆောက်နည်းများကို အသေးစိတ် သင်ပေးထားပါတယ်။


Section 5 (Project and alpha Brushes)

Low poly Dragon model ကို Multires နဲ့ Subdivsion များပြန်ခွဲပြီး High poly model ပြောင်းကာ Detail ဆွဲထားတာများပြန်ရအောင် Project ပြုလုပ်နည်းများကို သင်ပေးထားပါတယ်။ နောက်ပြီး Brush များတွင် alpha photo များထည့်သွင်း အသုံး ပြုသော နည်းစနစ်များကို အပြည့်အစုံ သင်ပေးထားပါတယ်။


Section 6 (Detail Sculpting)

Multires Dragon model ကို alpha Brush များနဲ့ Detailထည့်ပုံများကို သင်ပေးထားပါတယ်။ Alph‌a ပုံများ အသုံး ပြုပုံ / မကြိုက်ပါကကိုယ်ပိုင် alpha များပြုလုပ်ပုံ စသည်တို့ကို အသေးစိတ် သင်ပေးထားပါတယ်။ ကိုယ်ပိုင် Skin Brush, Scale Brush စသည်တို့ ကို လက်တွေ့ ကိုယ့်ဘာသာလုပ်နည်းများ၊ ကိုယ်ပိုင် texture alpha များဖြင့် Dragon ကို အစအဆုံး Detail ထည့်ပုံများကို သင်ပေးထားပါတယ်။ ​ယခု Video Lessons များကို သေချာစွာ ကြည့်ပြီး ပြန် လေ့ကျင့်ပါက မိမိ ဘာသာ ဆွဲလိုသော 3D Character ပုံများကို ဆွဲနိုင် လာမှာဖြစ်ပါတယ်။

Go Back >>