Blender General Course Module 3

Module 2 နဲ့ 3 ပြီးရင် ဒါမျိုးလုပ်နိုင်ပြီ

Video သင်ခန်းစာ နမူနာကို အောက်မှာကြည့်ရှုလို့ ရပါတယ်။

ယခု Module တွင် ပါ၀င်သော သင်ခန်းစာများ

ယခုသင်ခန်းစာများမှာ Blender မှာ Character Animation ပြုလုပ်ရန် လိုအပ်သော နည်း စနစ်များနဲ့ tools များကို ပြည့်စုံအောင် သင်ပေးထားပါတယ်။ ဒီ သင်ခန်းစာများကို လိုက်လုပ်ရန် အတွက် Blender Basic modeling နည်းစနစ်များကို တတ် ထားရန် လိုပါသည်။

 
Section 01 – Custom Rig
ဒီသင်ခန်းစာများဟာ Blender ရဲ့ Bone system ကိုအ သေအချာနားလည်အောင် သင်ပေးထား‌သော သင်ခန်းစာများဖြစ်ပါတယ်။  Armature  တခုမှ အစပြုပြီး ‌‌ခြေနှစ်ချောင်း ဇာတ် ကောင် တခုအတွက် လိုအပ်သော Bone system တခုကို အစအဆုံး ပြုလုပ်ပြထားပြီး ၊ Control rig များထည့် သွင်းနည်းများကိုလည်း ပြပေးထားပါတယ်။ 
 
 

 

 

Section 02 – Weight paint
ဒီ သင်ခန်းစာများမှာ Bone system ( Armature ) နဲ့ 3d model ကိုချိတ်ဆက်တဲ့ weight paint လုပ်တဲ့ နည်းစနစ်များနဲ့ error correction နည်းစနစ်များအကြောင်းကို ရှင်းပြထားပါတယ်။

 

Section 03 – Shape keys and Driver
ဒီ သင်ခန်းစာများမှာ မျက်နှာ အမူအရာ Animation  ပြုလုပ်ရာမှာ သုံးသော Shape Keys also known as Morph targets  များပြုလုပ်နည်းများကို သင်ပေးထားပါတယ်။ ဒါ့ အပြင် shape key များအချင်းချင်း auto ဆက်နည်း  ( Drivers ) များအသုံးပြုနည်းများကို သင်ပေးထားပါတယ်။ ဒါ့ အပြင် Armature and weight paint နည်းဖြင့်  ချိန် လို့မရနိုင် တဲ့ error များကိုလဲ shape key and driver ဖြင့် ပြင်လို့ ရတဲ့ နည်းတွေကိုလည်း‌သင်ပေးထားပါတယ်။ Animation ပြုလုပ်ရင် လွယ်အောင် နဲ့ မြန်အောင် အတွက် အသုံးတည့်တဲ့ Asset Browser အသုံးပြုနည်း ကိုလည့် စနစ် တကျသင်ပေးထားပါတယ်။

 

Section 04 – Animation and Non-linear Animation editor 

ဒီသင်ခန်းစာများမှာ Custom rig ကို အသုံးပြုပြီး Animation ပြုလုပ်ပုံ အဆင့်ဆင့် ၊  ပြုလုပ် ပြီး Animation များကို NLA editor ကိုအသုံးပြုပြီး edit ပြုလုပ် ပုံ၊  Graph editor ကို အသုံးပြုပြီး Animation များကို smooth ဖြစ်အောင် ပြင် နည်း စသည် တို့ ကို သင်ပေးထားပါတယ်။

 

Section 05 ( Rigify )
 ဒီ သင်ခန်းစာများမှာ Blender ရဲ့ Rigify add-on ကို အသုံးပြုပြီး Character တခုကို rigging လုပ်နည်း ကို သင်ပေးထားပါတယ်။ အရင် Section တွေမှာသင်ခဲ့ ပြီးသား နည်းစနစ် များဖြစ် ပေမယ့် Rigify က အများကြီး ပို ရှုပ် ထွေးပါတယ်။ Face rig လည်းပါပြီး Face rig အတွက် weight paint ပြုလုပ်နည်းများကို လည်း အစအဆုံး သင်ပေးထားပါတယ်။

 

 

Section 06(Animate with Rigify )
Rigify ကို အသုံးပြုပြီး animation ပြုလုပ်နည်း။ အသံ အတိုင်း စကားပြော ပြုလုပ်နည်း။  Hair simulation စသည် တို့ကို သင်ပေးထားပါတယ်။ 

 

 

Section 07 ( Rigify , NLA , Cloth simulation )
ဒီ သင်ခန်းစာများမှာ Rigify နဲ့  animation ပြုလုပ်ပြီး NLA   ဖြင့်ဆက်ပုံ၊ Cloth simulation ပြုလုပ်ပုံများကို သင်ပေးထားပါတယ်။

 

 

Section 8 ( IK FK animation / import Mixamo animation )
ဒီ သင်ခန်းစာများမှာ rigify ရဲ့  IK/FK ကို အသုံးပြုပြီး animation ပြုလုပ်ပုံများ။ character rig နဲ့ 3D object များ အပြန်အလှန်  Link လုပ်ပြီး animation ပြုလုပ် နည်းများကို သင်ပေးထားပါတယ်။ ဒါ့ အပြင် add-on  ကို အသုံးပြုပြီး Mixamo က animaiton များကို ကိုယ့် ဇာတ်ကောင်ထဲမှာ ထည့်သုံးနည်းများကို သင်ပေးထားပါတယ်။