VERTEX ANIMATION STUDIO
  • Home
  • Blog/free tutorials
  • 3D Training
    • Blender General Course
    • Blender Sculpting Course
  • Video Lessons Course
  • VFX Effects
  • 3D models

Blender General Course

Picture

               3D ကိုအစမှ စတင်လေ့လာလိုသူများ တက်ရောက် သင်ကြားသင့်သော Course ဖြစ်ပါသည်။
       Why Blender?  Blender ကိုဘာကြောင့် သင်ကြားသင့်ပါသလဲ?
      Blender သည် free software ဖြစ်ပါတယ်။ ဒါကြောင့် မည်သူမဆို Download  ဆွဲယူပြီး မိမိ ကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်ပါသည်။
      Blender software ကို လိုချင်ပါက ဒီမှာ Download ပြုလုပ်ပါ။  https://www.blender.org/download/
     Blender ကို  Crack ပြုလုပ်စရာမလိုပဲ တရား၀င် အသုံးပြုနိုင်ပါသည်။
      ​
       တခြား 3D software များကို အသုံးပြုမည်ဆိုပါက နှစ်စဥ် ကြေး/ software lincence ကြေးများပေးရမည်ဖြစ်ပါတယ်။ 
       Blender ဟာ အလကားရပေမယ့် တခြား အသုံးများသောနာမည်ကြီး   software များပြုလုပ်နိုင်သမျှကို ပြုလုပ်နိုင်ပါတယ်။ အားနည်းချက် မရှိသလောက်ပါပဲ။ ဒါ့ အပြင် Blender software တခုထဲမှာ တခြား software လေး၊ ငါး ခုစာ ထည့်ပေးထားသဖြင့် Software တခုထဲဖြင့် အသုံးပြု နိုင်ပါတယ်၊ 
Blender ကိုတပ်ပါက သင် ဒီ software များကို သင်စရာမလိုတော့ပါ။  3Ds Max, Maya, Zbrush, Substance painter, Mudbox, C4D, 
ယခု အချိန်တွင် ကမ္ဘာ့ စျေးကွက်တွင်လည်း Game company များသည် Blender ကိုပြောင်းလဲ အသုံးပြုလာ ကြပြီဖြစ်သဖြင့် ပြည်ပတွင် အလုပ်လုပ်လိုသူများ အတွက် အလုပ်ရရန် အခွင့်အလမ်း များလာပြီဖြစ်ပါတယ်။ ​


​Vertex Animation Studio မှစဥ်ဆက်မပြတ်သင်ကြား ‌နိုင်ရေးအတွက်လည်း စီစဥ်ထားပါတယ်။သင်တန်းပြီးဆုံးပါကလည်းရာသက်ပန်memberအဖြစ် ဆက်လက်ထားပေးသွားမှာ ဖြစ်ပြီး၊ သင်ခန်းစာVideo Lesson များဆက်လက် ရရှိသွားမှာဖြစ်ပါတယ်။

Picture
3Ds Max Project Screen shot

Blender General Course Outline​
​

Vertex Animation Studio တွင် Blender General Course သင်တန်းတက်ရောက်ပါက အောက်ပါ topic များကို နည်းစနစ်တကျ တက်မြောက်စေရန် ဂရုစိုက် သင်ကြားပေးပါတယ်။
  1. 3D General and Software UI
  2. Modeling Hard surface
  3. Modeling organic character from 2D sketch
  4. Sculpting Cartoon face
  5. UV unwrap technique 

 6. Txture paiting
  7. Shaders and material creation in node base workflow
 8. Character Rigging and Face animation
 9. Character animation, walk cycle 
 10. Lighting and Render
  11. Making Final video

Modeling

Blender ရဲ့ Poly modeling နည်းစနစ်မှာ အလွန် ပြည့်စုံပြီး အလုပ်မြန်မြန် ပြီးအောင် ပြုလုပ်နိုင်သော Tools များ ပါဝင်ပါတယ်။ Blender ဖြင့် model အားလုံးနည်းပါးကို ဆွဲနိုင်ပါတယ်။ Archi model များကိုလည်း 
စကေးကိုက်အောင် ဖန်တီးနိုင်ပါတယ်။ 3D Cartoon
ဇာတ်ကောင်များ ၊ Game model များ၊ ရုပ်ရှင်၊ ဗီဒီယို များအတွက် Photo Realistic Models များ စသည်ဖြင့် ဘက်စုံ သုံးနိုင်သော နည်း စနစ်များ ကို သင်ကြားနိုင်ပါတယ်။ 
Picture
Retopology in 3DS Max
Sculpting ဖြင့်ဆွဲသော High Poly model များကို Animation, Game engine များတွင် သုံးရန် မဖြစ် မနေ ပြုလုပ်ရသော Retopology အတွက်လည်း အလွန် ကောင်းမွန်သော Tools များပါ ပါတယ်။​

Unwrap and Material Editor

       Game model များအတွက် အလွန်အရေး ကြီးသော unwrap UVW နည်းစနစ်ကို လည်းစနစ် တကျ သင်ကြားပေးပါတယ်။ Blender  ဖြင့် unwrap ပြုလုပ်ရခက်ခဲသော Model များကို လျင်မြန်စွာ Unwrap ပြုလုပ်ပေးနိုင်ပြီး တခြားအသုံးပြု လိုသော Game engine များ သို့လည်း Export ပြုလုပ်ပေးနိုင်ပါတယ်။
       
Blender Node based  Shader Editor ဖြင့် material များကို ပိုကောင်းပိုမြန်အောင် ဖန်တီးနိုင်ပါတယ်။
PBR material များ ပြု လုပ်ခြင်းကိုလည်းသင်ကြားရမှာဖြစ်ပါတယ်။
    Online မှ Ready made material များ နဲ့ 3D model များကို Blender ထဲသို့ တိုက်ရိုက် ထည့်် သုံးနည်းများကို သင် ကြားပေးမှာ​ဖြစ်ပါတယ်။
Picture
Unwrap 3D model
PictureCharacter model texture painting
       


Animation

Key frame base animation နှင့် video format များအကြောင်းကို အခြေခံ ပိုင်အောင် သင်ကြားပေးမည် ဖြစ်သည်။ ပြုလုပ် ပြီးသော animation များကို Curve Editor ပြန်လည် smooth ဖြစ်အောင် ပြုလုပ်နည်းများ ၊ Repeat cycle ပြုလုပ်နည်းများ စသည်တို့ကို သင်        ကြားရမည်ဖြစ်သည်။ 
Character Animation များတွင်လည်း walk cycle ပြုလုပ်နည်း။ Free animation ပြုလုပ်နည်း။ မျက်နှာ အမူအရာ ပြုလုပ်နည်း စသည် တို့ကို သင်ကြားရမည်။

   Render


Blender မှာ ပါတဲ့ eevee Render system ဟာ Realtim render engine ဖြစ်လို့ အလွန်မြန်ပါတယ်။ Quality လဲ အတော်ကောင်းပါတယ်။ ဒါ ကြောင့် computer အမြင့်တွေ သိပ်မလိုပဲ project ကောင်းကောင်း ပြုလုပ်နိုင်ပါတယ်။  Blender  မှာ ပါတဲ့ နောက်ထပ် Render system တခုက Cycle ပါ။ Cycle ဟာ GI Raytracing Render system ဖြစ်ပြီး Speed နဲ့ Quality အတော် ကောင်းပါတယ်။ နာမည်ကြီး Redner engine များဖြစ်တဲ့ Vray, Arnold စတာတွေနဲ့ Quality အတူတူ နည်းပါးထွက်ပြီး အသုံး ပြုရတာ အလွန် လွယ်ပါတယ်။
 Render ပိုင်းမှာလဲ Blender ဟာအလွန် ကောင်းမွန်ပါတယ်။

​
Picture
Blender Cycle Render

Home

Blender Sculpting Course

Address:
No. 158, 6th floor,
​47th Street,
Botahtaung Township,
Yangon.
Ph: 09-5170915, 09-250066220
Email: vertex.ttt@gmail.com


​Facebook:
https://www.facebook.com/Thura.Vertex/
https://www.facebook.com/Dr.ThuraTheinTin/

Youtube:
https://www.youtube.com/user/thuratheintin
Powered by Create your own unique website with customizable templates.
  • Home
  • Blog/free tutorials
  • 3D Training
    • Blender General Course
    • Blender Sculpting Course
  • Video Lessons Course
  • VFX Effects
  • 3D models