VERTEX ANIMATION STUDIO
  • Home
  • Blog/free tutorials
  • 3D Training
    • Video Lessons Course
    • Blender General Course
    • Blender Sculpting Course
  • Video Tutorials
    • Blender General Group
    • Blender Sculpting Group
  • VFX Effects
  • 3D models

Blender Sculpting Course

Picture

          3D sculpting  ကို 3D character modeling , 3D printing တို့မှာ အသုံးပြု ပါတယ်။ 
         Game, ရုပ်ရှင် စသည်တို့မှာ အသုံး ပြုသော model များမှာ 3D sculpting ကို အသုံး ပြု ဆွဲထားတာ ဖြစ်ပါတယ်။
         ဒီ သင်တန်းကို Blender General course ပြီးသော သူများ၊ 3D printing လုပ်ငန်း လုပ်ကိုင် လိုသူများ တက်ရောက် နိုင်ပါတယ်။
​Blender software မှာ ပါတဲ့ features များဟာ ပြည့်စုံပြီး နာမည် ကြီး Zbrsuh software နဲ့ ဖန်တီး လို့ ရတာမှန်သမျှ ပြုလုပ် နိုင်ပါတယ်။ 
Blender software က free ဖြစ်တာကြောင့် ၀ယ်စရာ မလိုပဲ တရား၀င် အသုံးပြုနိုင်ပါတယ်။
      ​
3D sculpting သင်တန်းတက်ရန် Graphic tablet တခု ရှိရမှာ ဖြစ်ပါတယ်။ Graphic tablet မရှိပါက သင်လို့ မရပါ။
Picture
      Blender Sculpting Course သင်တန်းမှာ Sculpting ကို အခြေခံမှ စပြီး သင်ကြားပေးသွားမှာ ဖြစ်လို့ 3D အခြေခံမရှိသူများပါ တက်‌ရောက်နိုင်ပါတယ်။ Game , ရုပ်ရှင်များ အတွက် model ပြုလုပ်နည်း ၊ 3D printing ပြလုပ်လိုသူများအတွက် printing အတွက် ရည်ရွယ်ပြီး model ဖန်တီး ပုံ များကို စနစ်တကျ သင်ကြားပေးမှာ ဖြစ်ပါတယ်။
       Game ရှပ်ရှင်များအတွက် model ပြုလုပ်မည် ဆိုပါက Manual topology, UV mapping, texture painting, Texture baking စသည်တို့ ကို စနစ်တကျ ပြုလုပ် ရမှာ ဖြစ်ပါတယ်။ ​
        3D printing ပြုလုပ်လိုပါက  auto topology, Sculpting with alpha, Scale correction, error checking for printing စသည်တို့ကို သိထားရမှာ ဖြစ်ပါတယ်။ 
        အထက်ပါနည်း စနစ်များအားလုံးကို  ဒီ Sculpting Course မှာ ပြည့်စုံအောင် သင်ပေးမှာ ဖြစ်ပါတယ်။သင်တန်းတက်သူများ အနေနဲ့ နည်းစနစ် နှစ်မျိုးလုံးကို တတ်ကျွမ်းသွားမှာ ဖြစ်ပါတယ်။

Vertex Animation Studio မှစဥ်ဆက်မပြတ်သင်ကြား ‌နိုင်ရေးအတွက်လည်း စီစဥ်ထားပါတယ်။သင်တန်းပြီးဆုံးပါကလည်းရာသက်ပန်memberအဖြစ် ဆက်လက်ထားပေးသွားမှာ ဖြစ်ပြီး၊ သင်ခန်းစာVideo Lesson များဆက်လက် ရရှိသွားမှာဖြစ်ပါတယ်။

Sculpting Video Lessons

Blender Sculpting Course Outline​
​

Vertex Animation Studio တွင် Blender General Course သင်တန်းတက်ရောက်ပါက အောက်ပါ topic များကို နည်းစနစ်တကျ တက်မြောက်စေရန် ဂရုစိုက် သင်ကြားပေးပါတယ်။
  1. 3D General and Software UI
  2. Base mesh creation methods
  3. Sculpting techniques ( Remesh, Dyntopo)
  4. Modify Brush and shortcuts
  5. Sculpting techniques
  6.  Manual topology 

 7. Auto topology
 8. Reproject to get details
 9. Adding details with alphas
 10. Texture painting
 11. Texture baking
  12.
Material creation with multiple pained maps

Base Mesh to Raw Model

        Sculpting ပြုလုပ်ရာတွင် sphere တခုမှစလေ့ ရှိသော် လည်း Vertex Animaiton Studio မှသင်တန်းများတွင်  point တခုမှ နေပြီး အလွယ်တူအချိုးအစား ကျစေရန် ဖန်တီးနည်းကို သင်ပေးပါတယ်။ Base mesh ဖန်တီးနိုင်အောင် Basic mdoeling tools များကို လည်း သင်ပေးပါတယ်။း 
      Modifier များကို သုံးပြီး model ပြုလုပ်နည်းများ။ Repeat pattern များအတွက် ကြိုစဥ်းစားကာ Base mesh ပြုလုပ်နည်း စသည်ဖြင့် ပြည့်ပြည့် စုံစုံ သင်ကြား ပေးပါတယ်။
Picture
Picture

Sculpting in Blender​

       Base mesh ကနေ model ပုံအကြမ်းထွက်အောင်  Sculpting ပြုလုပ်ရာမှာ   Brush များအကြောင်းကို အသေးစိတ် သင်ကြားပေးပါတယ်။ 

​    မည်သည့် နေရာမျိုးတွင် မည်သည့် Brush မျိုးကို သုံးရတယ်။ မည်သည့် Brush  ကို ပြုပြင်ပြီး သုံးပါက ပို‌ကောင်းတယ် စသည်ဖြင့် အသေးစိတ် သင်ကြားပေးပါတယ်။ 
သင်တန်းသား sculpting ပြုလုပ်ပုံကို ဆရာမှာ တယောက်ချင်း online မှ တိုက်ရိုက်ကြည့်ပြီး လိုအပ်တာများကို အသေးစိတ် ညွှန်ကြားပြသပေးပါတယ်။
      2D ဓါတ်ပုံကို ကြည့်ပြီး 3D Sculpting ပြုလုပ်ရာတွင် လိုအပ်သော အချက်အလက်များကို သင်ကြားပေးပါတယ်။ Camera angle, Camera lens, ဓါတ်ပုံထဲတင် မမြင်ရသော အပိုင်းများကို မိမိ ဘာသာ ဖြည့်စွတ် ဆွဲသားနည်း စသည်တို့ကို သင်ကြားပေးပါတယ်။​
Picture
Picture
Picture
Final detail model

​​Game,ရုပ်ရှင်, ကြော် ငြာများအတွက် character များဖန်တီးသည့် အခါတွင် poly flow က အရေးကြီးပါတယ်။ face အနည်းဆုံးနဲ့ ပုံကောင်းကောင်းထွက်ရန် topo ပြန်လုပ်နည်းများကို စနစ်တကျ သင်ပေးပါတယ်။ 
Picture
Manual retopology in Blender
3D model က 3D printing အတွက် ဆိုပါက အချိန် ကုန်သော manual printing မလုပ်ပဲ auto retopo tools များကို သုံးပြီး ဆက်လက် Sculpting ပြုလုပ်ပါတယ်။ final model ဖြစ်သွားတဲ့ အခါ မှာ 3D printing စက်က လက်ခံနိုင်အောင် modele များကို ပေါင်းခြင်း၊ ဖြတ်တောက်ခြင်း။ point လျော့ခြင်းများပြုလုပ်တဲ့ နည်းစနစ်များကိုပါ သင်ကြားပေးပါတယ်။

UV mapping, Texture painting, Material creation

Blender software ဟာ 3D  model ပေါ်မှာ Texture painting ကိုလည်း ကောင်းကောင်း ပြုလုပ်လို့ရပါတယ်။ 
Diffuse , SSS, Roughness, specular စသည့် texture map များကို အသုံးပြုပုံ၊ ဖန်တီးပုံ သဘောတရားများနဲ့  painting ပြုလုပ်ပုံများကို သင်ကြား ပေးပါတယ်။ Blender မှာ ပါတဲ့ painting tools များကို အကျယ်တ၀င့် သင်ကြားရမှာပါ။
Picture
Cloth Brush နဲ့ Simulation နည်းစနစ်များကို အသုံးပြုပြီး အ၀တ်အစားပြုလုပ်ပုံ၊  particle system ကို အသုံးပြုပြီး Realistic and animatable hair ပြုလုပ်နည်းများ၊ Lighting and Render ပြုလုပ်နည်း စနစ်များကို သေချာစနစ်တကျ သင်ကြားပေးပါတယ်။

​
Picture
Picture



Vertex Animation Studio မှ sculpting သင်တန်းကို တက်ရောက်ပြီး လေ့ကျင့် ပါက professional level  3D model များကို ဖန်တီး လာနိုင်မှာ ဖြစ်ပါတယ်။

Home

Blender General Course

Address:
No. 158, 6th floor,
​47th Street,
Botahtaung Township,
Yangon.
Ph: 09-5170915, 09-250066220
Email: vertex.ttt@gmail.com


​Facebook:
https://www.facebook.com/Thura.Vertex/
https://www.facebook.com/Dr.ThuraTheinTin/

Youtube:
https://www.youtube.com/user/thuratheintin
Powered by Create your own unique website with customizable templates.
  • Home
  • Blog/free tutorials
  • 3D Training
    • Video Lessons Course
    • Blender General Course
    • Blender Sculpting Course
  • Video Tutorials
    • Blender General Group
    • Blender Sculpting Group
  • VFX Effects
  • 3D models