VERTEX ANIMATION STUDIO
  • Home
  • Blog/free tutorials
  • 3D Training
    • Video Lessons Course
    • Blender General Course
    • Blender Sculpting Course
  • Video Tutorials
    • Blender General Group
    • Blender Sculpting Group
  • VFX Effects
  • 3D models

Blender Sculpting Course Video Tutorials

​
​  ဒီ page မှာ တင်ထားသော video tutorial များမှာ Vertex Animation Studio တွင် Blender

Sculpting Course သင်တန်း  တက် ရောက်ထားသူ များသာ ကြည့်ရှု နိုင်ပါမယ်။ သင်တန်း တက်စဉ်က သုံးထား

သော gmail account ကိုသုံးပြီး login ၀င်ရမှာ ဖြစ်ပါတယ်။
 
Vertex Animation Studio မှာသင်တန်းတက်ပြီးပေမယ့် ဆက်လက် လေ့လာလိုသော သင်တန်းသားများ

အတွက် ဆရာ သင်ခန်းစာ အသစ် များ ဆက်လက် ပေးနေမှာဖြစ်ပါတယ်။ နားမလည်တာရှိရင်လဲ comment မှာ

မေးမြန်းနိုင်ပါတယ်။ 
 

Video Lesson များကို ပြုလုပ်ပေးရတာမှာ ဆရာ နှစ်ရှည်လများ လေ့လာထားခဲ့ရသော အသိပညာများ၊ Video

tutorial ပြုလုပ် ရန်အချိန် ကုန်ခြင်း၊ ဆရာရဲ့ ကြိုးစားအားထုတ် ပြီးသင်တန်းသားများ ပိုမို တပ်သိစေရန် သင်ကြား

ပေးခြင်း တို့ကို ထောက်ထားသော အားဖြင့် Video သင်ခန်းစာများကို မည်သည့် နည်းနှင့် မျှ ထပ်ဆင့် မ ဖြန့်‌‌ ရန်

​မေတ္တာ ရပ်ခံပါသည်။ ‌ 

Video Lessons များ၀ယ် ယူရန်

Alien Portrait Sculpting

16/8/2021

0 Comments

 
Picture
Difficulty level : Advance level​ 
Blender Sculpting ဖြင့် ဂြိုလ်သား ခေါင်းတခုကို ဖန်တီးခြင်း lesson များ။ Beginner များအနေဖြင့် ကိုယ်ပိုင် Design တခုကို ဖန်တီးရန် အတွက် အစပိုင်းတွင် အခက်အခဲ ရှိတပ်ပါတယ်။ ဒါကြောင့် ဒီသင်ခန်းစာမှာ internet ထဲမှ Design တခုကို ကြည့်ပြီး တူအောင် လိုက်ဖန်တီး ကြည့်ခြင်း ဖြစ်ပါတယ်။ Design ပိုင်းကို စဥ်းစားစရာ မလိုပဲ Blender Sculpting skill ကိုသာ လေ့ကျင့်ရန် ရည်ရွယ်ထားသော lessons များဖြစ်ပါတယ်။ နောက် ပိုင်းတွင် သင်တန်းသားများ အနေဖြင့် ကိုယ်ပိုင် Design များကို ဖန်းတီး ပြီးလေ့ကျင့် ကြပါ။

ခု lesson တွေမှာ Blender sculpting, Brush customization, using alpha, Retopology, UV mapping, Baking maps, Texture painting, material Creation, Sculpting with Sudivision, စသည်တို့ကို ​အပြည့်အစုံ သင်ကြားပေးထားပါတယ်။

​Lesson 01 ( click here for Download )
​​Blender Sculpting နဲ့  UV sphere ကနေ အစပြုပြီး ဂြိုလ်သားခေါင်း Basic shape ရအောင် ပြုပြင်ပုံ
Picture

​Lesson 02 ( click here for Download )
​မျက်နှာ ပုံစံ အကြမ်း ဖန်တီးခြင်းနဲ့ မျက်လုံး ထည့်ခြင်း။ဒီအဆင့်မှာခေါင်းပုံစံ ကောက်ကြောင်းတူအောင် ကြိုးစား ပြုပြင်ပါ။
Picture

​Lesson 03 ( Click here for download )
​ ဂြိုလ်သား ခေါင်းပုံပေါ်အောင် Snake hook Brush နဲ့ ဆွဲထုတ် ပြီးဆွဲလို့ ရပါတယ်၊ Dyntopo  function ကို အသုံးပြုပြီး Sculpting ပြုလုပ်တာ ဖြစ် ပါတယ်။
Picture

​Lesson 04 ( Click here for download )
​ ဒီ Lessons များမှာ Reference ပုံထဲက နဲ့ တူအောင် ပုံကို ဆက်ဆွဲပါတယ်။ Dyntopo ကိုသုံပြီးဆွဲတာ ဖြစ်တာကြောင့် Detail အနည်းငယ်ပဲ ဆွဲပါတယ်။ 
Picture

​Lesson 05 ( Click here for download )
​Retopo lesson ပါ။ Retopo လုပ်တယ် ဆိုတာ hgih poly model ကို အောက်ခံထားပြီး Low poly model ပြန်ဆောက်ခြင်းဖြစ်ပါတယ်။ Sculpting လုပ်ထားတာကို Animation ပြုလုပ်ချင်ရင် Retopo လုပ်ဖို့ လိုပါတယ်။ 3D print အတွက် ဆို မလိုပါ။
Picture

​Lesson 06 ( Click here for download )
​Retopo . Retopo time စုစုပေါင်း  1 Hr 44 min ကြာပါတယ်။ Automatic  Retopo ပြုလုပ်တဲ့ နည်းတွေလဲ ရှိပါတယ်။ ဒါပေမယ့် Animation လုပ်မယ် ဆိုရင် manual retopo ပြုလုပ်မှ Result ကောင်းပါတယ်။ 
Picture

​Lesson 07 ( Click here for download )
​Low poly model ကို Multires နဲ့  Subdivide 3 Million ပြုလုပ်ပြီး Dyntopo Mesh ကို Reproject  ပြုလုပ်တဲ့ lesson ပါ။
Picture

Lesson 08 ( Click here for download )
​Alpha map တွေသုံးပြီး Detail ထည့်တဲ့ အဆင့်ပါ။ Blender Sculpting  brush များကို alpha map ထည့်ပြီး Customize ပြုလုပ်ပုံ အမျိုးမျိုး၊ Stroke method အမျိုးမျိုးကို သေချာ ရှင်းပြထားပါတယ်။ 
Picture

Lesson 09 ( Click here for download )
​ခု lesson တွေမှာ Low poly နဲ့ အ၀တ်အစားများအတွက် Base Mesh ဖန်တီးပုံများဖြစ်ပါတယ်။
Picture


Lesson 10 ( Click here for download )


    ​Base mesh များ ဖန်တီးပုံ
Picture

Lesson 11 ( Click here for download )
​Cloth base mesh များပေါ်တွင် alpha များဖြင့် Detail ထပ်ထည့် ခြင်း 
Picture

​Lesson 12 ( Click here for download )

​Low poly mesh များကို unwrap ပြုလုပ်နည်း lesson များ။ 
Normal map baking from high poly to low poly model.
Picture

Lesson 13 ( Click here for download )
​ခု lesson ကတော့ painting ပါ။ Blender shader editor ကို သင်ကြားပြီး။ Blender paint mode နဲ့ အ၀တ်အစားများကို အရာင်ထည့်ပါတယ်။
Picture

​Lesson 14 ( Click here for download )
​Skin paint ပါ။ ဂြိုလ်သား အရေပြား အ‌ရောင် ရအောင် တလွှာချင်း Detail Painting  ပြုလုပ်ပုံ၊ Material ပြုလုပ်ပုံများကို သင်ပေးထားပါတယ်။
Picture

   ​ခု သင်ကြားထားတဲ့ lesson တွေကနည်း စနစ် တွေ မည်သည့် Character modeling မှာ မဆို အသုံးပြုလို့ ရပါတယ်။ ဒီ Lessons များကို လေ့ကျင့် ပြီးပါက ကိုယ်ပိုင် Design နဲ့ character များကို ဖန်တီးပြီး လေ့ကျင့် ကြပါ။


​Go Back >> 

0 Comments



Leave a Reply.

    Archives

    March 2022
    December 2021
    November 2021
    August 2021

    Categories

    All
    3D Print
    Alien Portrait
    Cloth Sculpting
    Displacement
    Dragon
    Gold Cup
    Lowpoly
    Retopo
    Yoda
    Zbrush

    RSS Feed

Powered by Create your own unique website with customizable templates.
  • Home
  • Blog/free tutorials
  • 3D Training
    • Video Lessons Course
    • Blender General Course
    • Blender Sculpting Course
  • Video Tutorials
    • Blender General Group
    • Blender Sculpting Group
  • VFX Effects
  • 3D models