Updates and Free video tutorials
Vertex Animation Studio မှ လုပ်နေသော project
များ၊ သင်တန်းများ၊ 3D general knowledge, free
video tutorial များကို တင်ပေး သွားမှာဖြစ်ပါတယ်။
Lecturer: U Thura Thein TIn. Level: Beginner 3D ကို စတင် လေ့လာသူများအတွက် ပြုလုပ်ထားသော Video lessons များဖြစ်ပါတယ်။ မည်သည့် အခြေခံမှ မလိုအပ်ပါ။ Computer တလုံးရှိယုံဖြင့် မိမိ ဘာသာ video များကြည့်ပြီး လေ့လာ နိုင်ပါတယ်။ Computer minimun requirement: CPU i5 or i7, Memory 6 G or 8 G သင်ခန်းစာများကို လေ့လာရန်အတွက် computer အမြင့်ကြီး မလိုပါ။ Section 04: Blender ရဲ့ Tools တေွကို အသုံးပြုပြီး / မီး တိုင် တခု modeling ပြုလုပ်ပုံ အဆင့်ဆင့်ဖြစ်ပါတယ်။ Modeling သဘောတရားများ။ Modifier အသုံးပြုသင့်သော နေရာများ/မသုံးသင့်သော နေရာများ။ Modifier များရဲ့ option များ စတာတွေကို အသေးစိတ် သင်ပေးထားပါတယ်။ ယခု Module 1 တွင် ပါ၀င်သော သင်ခန်းစာများ Section 01 : Blender interface ပြင်နည်း၊ move , rotate and scale ကို shortcut များနဲ့ စနစ် တကျပြုလုပ်နည်းများ။ Move, Rotate, Scale ကို သုံးပြီး စားပွဲ တခု ပြုလုပ်နည်း။ Section 02: Model ကို Scale ချိန် နည်း ။ Material intro, Blender Add on ထည့်နည်း များ။ Section 03: Blender Edit mode အကြောင်းကို ဒီ Section မှာရှင်းပြထားပါတယ်။ Blender ထဲ editing tools တွေအားလုံးကို ရှင်းပြထားပါတယ်။ Blender version အသစ် တွေမှာ tools အသစ် တွေ ပါလာရင်လဲ ဒီ section မှာ ထပ် ထည့် ပေးသွားမှာပါ။ Section 05: Material နဲ့ shading editor အကြောင်းကို ပိုမို သိရှိနိုင် အောင် သင်ကြား ပေးထားပါတယ်။ မီးတိုင် model လေးကို Animation ပြုလုပ် နိုင် အောင် empty များနဲ့ အလွယ်တကူ Rigging ပြုလုပ် ပုံကို သင်ကြား ပေးထားပါတယ်။ Section 06: Animation အကြောင်း သင်ရပါမယ်။ မီးတိုင် model ကို Animation နှစ်မျိုး ပြုလုပ် ပြထားပါတယ်။ Beginner level animation အပြင် intermediate level animation နှစ်မျိုး ပြုလုပ်ပြထားပါတယ်။ စပြီး 3D သင်တဲ့ သူများက တော့ Beginner level ကို အရင် လေ့ကျင့်ပြီးမှ intermediate level animation ပြုလုပ်ပါ။ Section 07: Blender ထဲမှာ Camera ချိန် ပုံ။ lighting ချိန် ပုံ စတာတွေကို သင်ပေးထားပါတယ်။ Lighting နဲ့ Render ဟာ အလွန် ကျယ်ပြန့်တဲ့ topic ဖြစ်တာကြောင့် ဒီ lesson တွေမှာ အကုန် ကာမိ အောင်တော့ မသင်နိုင်သေးပါဘူး။ နောက်ထပ် သင်ခန်း စာများမှာ ထပ် ဖြည့်ပြီး သင်ပေးသွားမှာပါ။ Section 08: အစကနေ သင်ခဲ့ တဲ့ lessons နဲ့ knowledge များကို အသုံးပြုပြီး ကြောငြာထဲက coffee shop ပုံနဲ့ Animation , Video Render ထိ သင်ပေးထားပါတယ်။ Texture များနဲ့ material ပြုလုပ်နည်းများ။ UV coordinate နဲ့ စကေးကို အသုံးပြုနည်း။ unwrap ပြုလုပ်နည်း intro, Make own material with photo editing software , Bump map, Environment map, lighting, Eevee Render with good quality စသဖြင့် topic ပေါင်းများစွာ သင်ပေးထားပါတယ်။ Go Back >>
0 Comments
Leave a Reply. |
Authorဒီ video lessons များကို ဆရာ ဦးသူရသိန်းတင် ( Vertex Animation Studio ) က ပြုလုပ် ထားပါသည်။ Archives
May 2022
Categories
All
|