VERTEX ANIMATION STUDIO
  • Home
  • Blog/free tutorials
  • 3D Training
    • Blender General Course
    • Blender Sculpting Course
  • Video Lessons Course
  • VFX Effects
  • 3D models

Updates and Free video tutorials



Vertex Animation Studio မှ လုပ်နေ‌‌သော project

များ၊ သင်တန်းများ၊ 3D general knowledge, free

video tutorial များကို တင်ပေး သွားမှာဖြစ်ပါတယ်။

Blender General Course Module 02

3/6/2022

0 Comments

 
Picture

​General Course Module 2 မှာ အရင် module 1 တုံးက သင်ထားခဲ့တဲ့ tools တွေကို အသုံးပြုပြီး ကိုယ်ပိုင် 3D character model   တခု ဆွဲတာကို သင် ပေးသွားမှာဖြစ်ပါတယ်။
Blender မှာပါတဲ့ modeling tools တွေကို အသုံးပြုတတ် ပြီးသား သူများ အတွက်  သင်ခန်းစာများဖြစ်ပါတယ်။ 3D ကို လုံး၀ မတတ်သေးသူများက Module 1  မှ စလေ့လာပါ။
Section 12 ခုပါ ပါတယ်။

      Section 1, 2, 3, 4 ( Boy mdoeling)
ဒီ sections များမှာ 3D modeling tools များကို သုံးပြီး ညာဖက်မှ ကောင်လေးပုံကို အစအဆုံး ဆွဲသားနည်းများကို အသေးစိတ် သင်ပေးထားပါတယ်။ ဒီ lessons  များမှာ Lowpoly modeling နည်းစနစ်များကို အသုံးပြုပြီး ဆွဲထားပါတယ်။
အလွယ်ဆုံးနဲ့ ထိရောက်သော Modeling နည်းစနစ်များကို ဆရာနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့သော 3D project များ ရဲ့ အတွေ့အကြုံများကို ပါ ပေါင်းစပ် သင်ကြားပေးထားပါတယ်။  

Picture

             
​        Section 5 (cloth modeling)

 ခုအပိုင်းမှာ Boy model အတွက် အ၀တ်အစားတွေကို ဆွဲနည်းသင်ပေးထားပါတယ်။ 
Picture


        Section 6 ( unwrap )
 3D model ပြုလုပ်ပြီးပါက အ‌ရောင် ခြယ်ရန် ( Texture painting ) ပြုလုပ်ရန် အတွက် ( unwrap )  3D model ကို ဖြန့်ခြင်း ပြလုပ် ရပါတယ်။
Unwrap  ပြုလုပ်တဲ့ tools တွေကို ရှင်းပြပြီး လက်တွေ့ ပြုလုပ် ပြထားပါတယ်။
Picture

   Section 7 ( Sculpting girl face )
Boy model ကို ခဏ ထားလိုက်ပြီး girl model ကို ဆက်လက် သင်ကြားပါတယ်။ ( boy model ကို ဆက် လက် လေ့ကျင့်လိုပါက Section 10 ကို ကျော် ပြီး ကြည့်လို့ရပါတယ်။
  Blender Sculpting နည်းစနစ်များနဲ့  Brush များ. ။Sculpting နည်းစနစ်များကို သင်ကြားပေးထားပါတယ်။
 Sculpting  နည်းစနစ်ကို အသုံးပြုပြီး Girl Face ကို အစမှ အဆုံး ဆွဲ နည်းကို သင်ပေးထားပါတယ်။

Picture


       Section 8 ( Retopo )
  Retopo  ဆိုတာက High poly model ( Sculpting နဲ့ ဆွဲထားတဲ့ model ) ကို ထပ်ပြီး Low poly ပြန်ဆွဲတာကို ခေါ်ပါတယ်။
Sculpting နဲ့ ဆွဲထားတဲ့ Girl  မျက်နှာက Point 5 သိန်းလောက် ရှိတာကြောင့် Animation လုပ်လို့မရပါဘူး။  ဒါကြောင့် အဲဒီ model ကိုထပ်ပြီး Low poly model ပြန်ဆောက် တဲ့ နည်းစနစ် ကိုသင်ပေးထားပါတယ်။
Blender ထဲမှာ လူသိနည်းတဲ့ နည်းစနစ် ကို သုံးပြီး ဆရာရဲ့ ကိုယ်ပိုင် နည်းစနစ်နဲ့ အလွယ်ဆုံးနဲ့ အကောင်းဆုံး ရအောင် သင်ပေးထားပါတယ်။
​မျက်နှာ ပြီးတော့ Girl Body  အတွက် Body အသစ် ထပ်မဆွဲပဲ Boy model က Body ကို ပြန်ယူပြီး ပြုပြင် နည်းကို ပြထားပါတယ်.။ ခုလို လုပ်ခြင်းဖြင့်  အသစ် ထပ်ဆွဲစရာ မလိုလိုံ အချိန်ကုန် များစွာ သက်သာပါတယ်။
Picture


   Section 9 ( Girl cloth modeling)
Girl model အတွက် အ၀တ်အစားများကို ပြုလုပ်ပုံကို သင်ပေးထားပါတယ်။ Fitting ကျစေရန် Gilr body တွင် ထပ်ပြီး အ၀တ် အစားများကို ပြုလုပ်နည်းများ သင်ပေးထားပါတယ်။ Boy model ကိုဆွဲတဲ့ နည်းစနစ်များထက် ပိုမို အဆင့်မြင့်တဲ့ နည်းများ နဲ့ သင်ပေးထားပါတယ်။ Boy modeling က Beginner level ပါ ။ Girl modeling  က intermediate level ဖြစ်ပါတယ်။
Picture


   Section 10 ( Body Texture painting)
Boy model နဲ့ အ၀တ်အစားများ အားလုံးကို 3D texture paiting ( အ‌ရောင် ဖြည့်ခြင်း နည်းစနစ်များ အစုံကို သင်ပေးထားပါတယ်။ ) အရာင်များဖြင့် Brush ဖြင့် ဆွဲနည်း။ ဓါတ်ပုံများကို သုံးပြီး  texture  ဖြည့်နည်းများကို အစုံအလင် သင်ပေးထားပါတယ်။  Texture painting ပြုလုပ်ရာတွင် 3D programe သာမက Photo editing software ( like photoshop )တခုပါ တပ်ထားရန် လိုပါတယ်။  Photoshop  မတတ်သူများ ပါ လိုက်လုပ်နိုင် အောင် photo editing lessons များကိုလည်း ထည့် သွင်း သင်ပေးထားပါတယ်။ ဓါတ်ပုံ format အမျိုးအစားများ စသည်ဖြင့် 3D သမား သိသင့်သော ဗဟုသုတများကို ပြည့်ပြည့်စုံစုံ သင်ပေးထားပါတယ်။ သိသူများကို ကျော် သွားပြီး / မသိသေးသူများ သေသေချာချာ အကုန် ကြည့်ပါ။
Picture


    Section 11 ( Girl Texture painting )
 ခု section မှာ Boy texture painting ထက် ပိုမို အဆင့်မြင့်သော နည်းစနစ်များကို သင်ပေးထားပါတယ်။ ဒီ lessons များက intermediate level ဖြစ်တာကြောင့် Boy texture painting lessons များကို အရင် တတ်မြောက်အောင် လေ့ကျင့်ပြီးမှ ဆက်လက် လေ့လာပါ။ Shader editor ကို ပိုမို detail သင်ပေးထားပြီး node များနဲ့ layer များပြုလုပ်ပြီး texture paint ပြုလုပ်နည်းများ ပါပါတယ်။  color map, roughness map, bump map စသည်တို့ ကို ရှင်းပြထားပြီး။ ကိုယ့်ဘာသာ ဖန်တီးနိုင် အောင် သင်ပေးထားပါတယ်။
Picture


   Section 12 (Cycle Render and Hair )
ဒီ section မှာ lghting and cycle Render အကြောင်းကို အကျယ်တ၀င့် ရှင်းပြထားပါတယ်။ Quality ကောင်ကောင်း ရအောင် cycle Render ကို သုံးပါ။ Blender software သုံးတဲ့ သူတွေရဲ့ အဓိက အမှားက Eevee  render ကို သုံးနေကြလို့ပါ။ 
Cycle render ကို သုံးလိုက်ရင် ဘာကို ပဲ Render လုပ်လုပ် လှပါတယ်။  Blender particel နဲ့ မျက်ခုံးမွေး,  မျက်တောင် မွေး၊ ဆံပင် အဖြာင့် ၊ အကောက် ၊ ကျစ်ဆံမြီး စတာတွေကို ပြုလုပ်ပုံ များကို စုံအောင် သင်ပေးထားပါတယ်။
Picture

Go Back >>

0 Comments



Leave a Reply.

    Author

    ဒီ video lessons များကို ဆရာ ဦးသူရသိန်းတင် ( Vertex Animation Studio ) က ပြုလုပ် ထားပါသည်။

    RSS Feed

    Archives

    June 2022
    May 2022
    March 2022
    February 2022
    January 2022
    December 2021
    November 2021
    September 2021
    August 2021
    July 2021

    Categories

    All
    Animation
    Blender General Course
    Blender Tutorial
    Geometry Node
    Knowledge
    Modeling
    New Features
    Online Blender Course
    Render
    Sculpting
    Shading

Powered by Create your own unique website with customizable templates.
  • Home
  • Blog/free tutorials
  • 3D Training
    • Blender General Course
    • Blender Sculpting Course
  • Video Lessons Course
  • VFX Effects
  • 3D models