Updates and Free video tutorials
Vertex Animation Studio မှ လုပ်နေသော project
များ၊ သင်တန်းများ၊ 3D general knowledge, free
video tutorial များကို တင်ပေး သွားမှာဖြစ်ပါတယ်။
Blender General Course Module 2 မှာသင် ကြားထားတဲ့ video များထဲက တခု ဖြစ်ပါတယ်။ Shader editor ထဲမှာ layer material ပြုလုပ်ပုံ အကြောင်းကို အသေးစိတ် ရှင်းပြထားပါတယ်။ Blender General Course Module 2 မှာ 3D character model တခုလုံးကို အစအဆုံး ဖန်တီး နိုင် အောင် သင်ကြားပေးထားပါတယ်။ ပါ၀င်တဲ့ သင်ခန်းစာ များကတော့ 3D modeling, Sculpting, Retopo, unwrap, Texture painting စသည်တို့ကို basic level ကနေ intermediate level ထိ သင်ပေးထားပါတယ်။ သင်ခန်းစာ အပြည့်အစုံ ဆိုရင် နာရီ ပေါင်း 42 နာရီရှိပါတယ်။ Download video size 20 GB ဖြစ်ပါတယ်။
0 Comments
General Course Module 2 မှာ အရင် module 1 တုံးက သင်ထားခဲ့တဲ့ tools တွေကို အသုံးပြုပြီး ကိုယ်ပိုင် 3D character model တခု ဆွဲတာကို သင် ပေးသွားမှာဖြစ်ပါတယ်။ Blender မှာပါတဲ့ modeling tools တွေကို အသုံးပြုတတ် ပြီးသား သူများ အတွက် သင်ခန်းစာများဖြစ်ပါတယ်။ 3D ကို လုံး၀ မတတ်သေးသူများက Module 1 မှ စလေ့လာပါ။ Section 12 ခုပါ ပါတယ်။ Section 1, 2, 3, 4 ( Boy mdoeling) ဒီ sections များမှာ 3D modeling tools များကို သုံးပြီး ညာဖက်မှ ကောင်လေးပုံကို အစအဆုံး ဆွဲသားနည်းများကို အသေးစိတ် သင်ပေးထားပါတယ်။ ဒီ lessons များမှာ Lowpoly modeling နည်းစနစ်များကို အသုံးပြုပြီး ဆွဲထားပါတယ်။ အလွယ်ဆုံးနဲ့ ထိရောက်သော Modeling နည်းစနစ်များကို ဆရာနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့သော 3D project များ ရဲ့ အတွေ့အကြုံများကို ပါ ပေါင်းစပ် သင်ကြားပေးထားပါတယ်။ Lecturer: U Thura Thein TIn. Level: Beginner 3D ကို စတင် လေ့လာသူများအတွက် ပြုလုပ်ထားသော Video lessons များဖြစ်ပါတယ်။ မည်သည့် အခြေခံမှ မလိုအပ်ပါ။ Computer တလုံးရှိယုံဖြင့် မိမိ ဘာသာ video များကြည့်ပြီး လေ့လာ နိုင်ပါတယ်။
Computer minimun requirement: CPU i5 or i7, Memory 6 G or 8 G သင်ခန်းစာများကို လေ့လာရန်အတွက် computer အမြင့်ကြီး မလိုပါ။ |
Authorဒီ video lessons များကို ဆရာ ဦးသူရသိန်းတင် ( Vertex Animation Studio ) က ပြုလုပ် ထားပါသည်။ Archives
June 2022
Categories
All
|