Blender Sculpting Course
Blender ဖြင့် 3D sculpting ပြုလုပ်နည်းများကို အပြည့်အစုံ သင်ကြားပေးထားသော Video lessons များဖြစ်ပါတယ်။ Sculpting နည်းစနစ် ဟာ မိမိ စိတ်ကူးထဲမှ ပုံစံများကို အလွယ်တကူ ဖန်တီးယူနိုင်သော နည်းစနစ် ဖြစ်သဖြင့် ယနေ့ ခောတ် modeling ပြုလုပ်ရာတွင် မပါမဖြစ် နည်းစနစ် တခုဖြစ်ပါတယ်။ Sculpting လုပ်နိုင်သော Software 4 မျိုးခန့် ရှိသော်လည်း Blender မှာ Free ရသဖြင့် copyright license အတွက် စိတ်ပူစရာ လုံး၀မလိုပါ။
ယခု lessons များတွ Blender ဖြင့် high poly detailed character တခု အစအဆုံးပြုလုပ် ပုံကို သင်ကြားပေးထားပါတယ်။
Sculpting ပြုလုပ်ရာတွင် သုံးသော နည်းစနစ်များ အားလုံး ကို ဒီ Course ထဲမှာ အပြည့်အစုံ သင်ကြားပေးထားပါတယ်။ အတော် အသင့် ကောင်းသော စက်ဖြင့်ပင် High polycount ဆွဲနိုင်သော နည်းစနစ်များကို သင်ကြားပေးထားပါတယ်။
ယခုသင်ခန်းစာများတွင်အစအဆုံး ဆွဲနည်းသင်ကြားပေးထားသော Dragon model မှာ point 90 millions ကျော် ရှိပါတယ်။ ယခုပုံအတွက် graphic card 4 GB, Memory 16 GB လောက် ရှိရင် ဆွဲလို့ ရပါတယ်။
ဒီသင်ခန်းစာများမှာ Sculpting နည်းစနစ်များသာ မက 3D industry တွင် အလုပ်လုပ်မည်ဆိုပါက သိထားသင့်သော knowledge များကိုပါ သင်ကြားပေးထားပါတယ်။ finding reference, Designing concept , Photo bit depth, စသည်များ ကိုလည်း ထည့်သွင်းသင်ပေးထားပါတယ်။ သင်ခန်းစာများကို အပြည့်အစုံ လေ့လာပြီးပါက 3D Sculpting နဲ့ မိမိ ဖန်တီးလိုသော character design များကို ဖန်တီး လာနိုင်မှာ ဖြစ်ပါတယ်။
Sculpting Course သင်ခန်းစာ နမူနာကို အောက်မှာကြည့်ရှုလို့ ရပါတယ်။
ယခု Module တွင် ပါ၀င်သော သင်ခန်းစာများ
ယခုသင်ခန်းစာများမှာ Blender မှာ Character Animation ပြုလုပ်ရန် လိုအပ်သော နည်း စနစ်များနဲ့ tools များကို ပြည့်စုံအောင် သင်ပေးထားပါတယ်။ ဒီ သင်ခန်းစာများကို လိုက်လုပ်ရန် အတွက် Blender Basic modeling နည်းစနစ်များကို တတ် ထားရန် လိုပါသည်။

Section 02 – Sculpt for 3D print
3D print အတွက် မြေခွေးခေါင်း တခုကို ဆွဲပြထားပါတယ်။ 3D print လုပ်ရန် ပြင်ဆင်ပုံ Export ပြုလုပ်ပုံ / တခြား software များမှာ model များ ထည့်သွင်း ကာ Sculpt လုပ်နိုင်ပုံ စတာတွေကို သင်ကြားပေးထားပါတယ်။


Section 04 – Retopo
Dragon model base shape ကို Detail များထပ်ထည့် ရန်အတွက် Low poly model ဆောက်ရပါတယ်။ Animation ပြုလုပ်မယ့် model မှာ Auto low poly ( auto remesh ) လုပ်လို့ အဆင် မပြေပါ။ Manual topo ပြန်ဆောက်ရပါတယ်။ Retopoflow ကိုအသုံးပြု ပြီး Dragon model တခုလုံးကို topo ပြန်ဆောက်ပြထားပါတယ်။ ဒီ lesson တွေမှာ Animation အတွက် poly flow မှန်အောင် တည်ဆောက်နည်းများကို အသေးစိတ် သင်ပေးထားပါတယ်။


Section 06 – Detail Sculpting
Multires Dragon model ကို alpha Brush များနဲ့ Detailထည့်ပုံများကို သင်ပေးထားပါတယ်။ Alpha ပုံများ အသုံး ပြုပုံ / မကြိုက်ပါကကိုယ်ပိုင် alpha များပြုလုပ်ပုံ စသည်တို့ကို အသေးစိတ် သင်ပေးထားပါတယ်။ ကိုယ်ပိုင် Skin Brush, Scale Brush စသည်တို့ ကို လက်တွေ့ ကိုယ့် ဘာသာလုပ်နည်းများ၊ ကိုယ်ပိုင် texture alpha များဖြင့် Dragon ကို အစအဆုံး Detail ထည့်ပုံများကို သင်ပေးထားပါတယ်။
ယခု Video Lessons များကို သေချာစွာ ကြည့်ပြီး ပြန် လေ့ကျင့်ပါက မိမိ ဘာသာ ဆွဲလိုသော 3D Character ပုံများကို ဆွဲနိုင် လာမှာဖြစ်ပါတယ်။
